သတင်းများ

လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်နည်း သင်တန်းအခမဲ့ဖွင့်လှစ်
Dec 09,2021
မန္တလေးခရိုင်၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန တွင် ယနေ့နံနက်(၁၀) နာရီက ပန်းအလှပြင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားခဲ့သည်။
ဝေါလေမြိုင်မြို့ ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ်
Dec 09,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်၌ ဒေသခံပြည်သူများ အသိပညာတိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်းပြုလုပ်သည်။
ပြည်သူများအား စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများ တွံတေး၌ ရောင်းချ ပေးလျက်ရှိ
Dec 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေမြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ တွံတေးမြို့နယ်တွင် ယနေ့ နံနက် ၉နာရီက အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော် ဘုရားလမ်းမကြီးပေါ်ရှိ အ.ထ.က(၁)ကျောင်းရှေ့နှင့် စျေးသစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာရေး စျေးရှေ့တို့တွင် ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့်ရောင်းချရေး ယာဉ်တော်ယာဉ်များ၊ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်နှင့် ဆီ၊အသား များကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အသက်(၁၈)နှစ်​မှ အသက်(၆၀) ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (SINOPHARM) (ပထမအကြိမ်) တွံတေး၌ ဆက်လက်ထိုးနှံပေး
Dec 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အသက် ၁၈ နှစ်မှ အသက် ၆၀ ပြည့်ပြီးသူများအား (Phase-4) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ပြည်သူများကို သက်ဆိုင်ရာစုရပ်များ အလိုက် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ အောင်ဆန်းသူရိယ အေးချိုအားကစားခန်းမ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း ယနေ့မြို့မဈေးကြီး၌ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကာကွယ်ဆေး မထိုး နှံရ‌‌သေးသူများနှင့် RDT(Test Kit)  နှာခေါင်းတို့ဖတ် မစစ်ဆေးရသေးသူများကို ဈေးကြီးအတွင်း မဝင်ရောက်မှီ စစ်ဆေးပေးလျက်ရှိ
Dec 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ မြို့မဈေးကြီးအတွင်းသို့ ဈေးရောင်းချသူများနှင့် ဈေးဝယ်ယူသူများကို ယနေ့နံနက် အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်စေရန်အတွက် ဈေးအတွင်းမဝင်ရောက်မီ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း နှာခေါင်းတို့ဖတ် RDT စစ်ဆေးပြီးကြောင်း ကတ်ပြားယူဆောင်လာမှသာ ဈေးအတွင်းဝင်ရောက် ဝယ်ယူ ရောင်းချခွင့်ပြုခြင်းတို့အပြင် တစ်ပတ်လျှင် ဈေးကြီးနေ့တစ်နေ့သာ ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း  သိရသည်။
ထန်းတပင်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ထန်းတပင်မြို့နယ် သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ရာသီကူးပြောင်း မပေါ့ဆသင့်သော ရာသီတုပ်ကွေးဗိုင်းရပ်စ်အကြောင်း စာဖတ်ဝိုင်းကျင်းပ
Dec 09,2021
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ ပြည်သူ့ စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀နာရီက ရာသီကူးပြောင်း မပေါ့ဆသင့်သော ရာသီတုပ်ကွေး ဗိုင်းရပ်စ်အကြောင်း စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်တွင်ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲနှင့်ခြံများ၌ ပဲတီစိမ်းကိုစိုက်ပျိုးသည့်တောင်သူကပိုများသည်။  စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ လင်းခေးခရိုင်စိုက်ပျိုးရေးဉီးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနတို့မှ ဦးဆောင်၍  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များတို့က ပဲတီစိမ်း မျိုးအား ယခင်နှစ်က စမ်းသပ်စိုက်ပျိုးပြသခြင်းက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာမှ ယခုနှစ်တွင်တောင်သူများ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးခဲ့ကြသည်။