သတင်းများ

မိုးညိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စုသို့ ယမန်နေ့က ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မကိုင်ဆောင်ဖူးသေးသူများအား နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် Zoom Meeting Application အသုံးပြုနည်း သင်တန်းဖွင့်လှစ်
Dec 09,2021
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် Zoom Meeting Application အသုံးပြုနည်းသင်တန်းကို ယနေ့ မွန်းလွဲ (၁)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ကမ္ဘာ့​ဆေးလိပ်မ​သောက်ရ​နေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကျင်းပ
Dec 09,2021
အလုံမြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ဖောင်​ဒေးရှင်းတို့ ပူး​ပေါင်းကာ ကမ္ဘာ့​ဆေးလိပ်မ​သောက်ရ​နေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကို ယမန်​နေ့၊ နံနက်(၉း၀၀)နာရီ အချိန်က အလုံ မြို့နယ်အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထ အသုတ် (ဒုတိယ) အကြိမ် ထိုးနှံပြီးစီး
Dec 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း၊ အထက် တန်း ကျောင်းသား/သူများအနေဖြင့် ကျောင်းတက်ချိန်တွင် ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြားနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ကို ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေး
Dec 09,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်လေးကျေးရွာရှိ ဒေသခံပြည်သူများအား သတ်မှတ်စုရပ်တွင်ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ် ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ  ရှိ/မရှိ(အခမဲ့)စစ်​ဆေး​ပေး
Dec 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုများမရှိစေရေး အတွက် အထူးစီမံချက်ဖြင့်  ​ရောဂါစစ်ဆေးခြင်းကို  ဒီဇင်ဘာလ ၈ရက်နေ့  နံနက်၉က အထက(မိုင်းဖြတ်) ကျောင်းရှေ့ပြည်ထောင်စု လမ်းမကြီးပေါ်၌ သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က      (အခမဲ့) စစ်ဆေးပေးလျက်ရှိ ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၉)ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉)ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရှိရသည်။
သနပ်ပင်မြို့နယ် စည်ပင်သာယာ‌‌ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စည်ပင်သာယာရေးဈေးအတွင်း ဈေးဆိုင် ခန်းများအား မီးဘေး ကြိုတင် ကာကွယ်ရေးအတွက် ပဲခူးခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်၍ သနပ်ပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်သူရနှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌနှင့် ဈေးအကျိုးတော်ဆောင်များ ပူးပေါင်း၍ ယမန်‌နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း အပြင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။