ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Dec 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်နှင့် အသက်(၄၀) အထက် ရဟန်းရှင် လူပြည်သူများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ် အထက် ပြည်သူများအား ဒီဇင်ဘာ ၈ ရက်နေ့တွင် ပထမအကြိမ် စတင်ထိုးနှံပေးရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၈၅၄ ဦးရှိကြောင်း သိရသည်။ အသက်(၄၀)နှစ်အထက် ပြည်သူများကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့တွင် ၁၁၁၅ ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။