ဝေါမြို့နယ် မြစ်ကျိုးကျေးရွာတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၂) ဦးတွေ့ရှိ
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ ပြည်သူ့ဆေးရုံဟောင်း၊ သူရဲသမိန်တိုက်နယ်ဆေးရုံနှင့် မြစ်ကျိုးတိုက်နယ် ဆေးရုံတို့ရှိ အနံ့ပျောက် သံသယရှိသူ လူနာ (၁၂၅) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ မြစ်ကျိုးကျေးရွာမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၂)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ ဝေါမြို့နယ်တွင် ပိုးတွေ့သူ စုစုပေါင်း(၁၇၃၅) ဦးရှိပြီး၊ဆေးရုံမှဆင်းခွင့်ရသူ (၁၆၀၄) ဦး၊ အခြား မြို့နယ်ပြောင်းရွေ့ (၅) ဦး၊ ဝေါမြို့နယ်အတွင်း Positive လူနာ စုစုပေါင်းဆေးရုံလက်ကျန်လူနာ (၆) ဦးနှင့် ယနေ့ထိ သေဆုံးသူ စုစုပေါင်း (၁၂၀) ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။