လှိုင်းဘွဲမြို့နယ် ဘုရားတစ်ဆူဘေးမဲ့တပ်ဦးကျောင်းရှိ ရဟန်းသံဃာများအတွက်  ဆွမ်းဆန်၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

လှိုင်းဘွဲ      ဒီဇင်ဘာလ  ၁၀

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊အရာရှိစစစ်သည်မိသားစုဝင်များက မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း/သံဃာများအတွက် ဆွမ်းဆန်၊ဆီ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘုရားတစ်ဆူဘေးမဲ့ တပ်ဦး ကျောင်းတွင် ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက ဘုရားတစ်ဆူဘေးမဲ့ တပ်ဦး ကျောင်း ကျောင်းထိုင်ဆရာတော် ဥူးပညာဒီပအား ဖူးမျှော်ကြည်ညိုကာ ရဟန်း/သံဃာများ ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်၊ဆီ၊ကြက်ဥနှင့် ခြံထွက်ဟင်းသီး ဟင်းရွက်များ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)