ဘုတ်ပြင်း ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ မီးသတ်ရေကန်များအား သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရေဖြည့်ခြင်းလုပ်ငန်းများကို ယနေ့နံနက်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံး ငြိမ်းသတ်နိုင်စေရေးအတွက် လိုအပ်သည့် ရေကို အလွယ်တကူရယူအသုံးပြုနိုင်ရန် မီးသတ်ရေသိုလှောင်ကန်များထားရှိပြီး၊ ကန်အတွင်းရေဖြည့်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ညမီးကင်းစောင့်ခြင်း၊ မီးသတိပေးနိုးဆော်ခြင်း များကိုဆောင်ရွက်လျက်ရှိပါသည်။ မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် နေရာများတွင် မီးသတ်ရေ သိုလှောင်ကန်များ ထပ်မံထားရှိရန်လိုအပ်လျက် ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)