သတင်းများ

ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၀) ဦးနှင့် ဆက်စပ် ကျောင်းသား မိဘ(၅)ဦး၊   ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိ
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင် ယမန်နေ့က ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ကျောင်းသား/သူ (၁၀)ဦးနှင့် ၎င်းတို့နှင့် ဆက်စပ်သည့် ကျောင်းသားမိဘ (၅) ဦးရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် အားကစား ပြိုင်ပွဲများ ကျင်းပ
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် Community center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် Book   Club နှင့် Youth club အဖွဲ့ဝင်များပူးပေါင်းပြီး စာဖတ်ဝိုင်းပြုလုပ်
Dec 10,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင် တွင်  Book   Club နှင့် Youth club  အဖွဲ့ဝင်များက ယနေ့နံနက် (၉) နာရီအချိန်တွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ချစ်လို့ပြောတာမှတ်ပါ” စာအုပ် အားစာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်  စာဖတ်ရှိန်မြှင့် တင်ရေးအတွက်  ပြိုင်ပွဲများပြုလုပ်
Dec 10,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်း သားများအနေဖြင့့််စာကြည်တိုက်နှင့်ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြှင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေး အခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန် နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ ဘိုးလင်းပစ်ပြိုင်ပွဲနှင့်ဘောလုံးပစ်ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးအသိပညာပေး
Dec 10,2021
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မေတ္တာမြို့၊ နယ်မြေမီးသတ်စခန်းမှ မေတ္တာမြို့၊ မြို့ပေါ်ရပ် ကွက်များတွင် ယမန်နေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၉၅၅ ဦး တို့အား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Dec 10,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထားသူ ၉၅၅ ဦးတို့အား ဒုတိယအကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ်များတွင် ယမန်နေ့က ထိုးနှံပေးကြောင်း သိရသည်။
မြေပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် ပြည်သူများအား အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Dec 10,2021
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာ ကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗ ဟုသုတရရှိလာစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် “အောက်ချင်းငှက် မောင်နှံ”ခေါင်စဉ်ဖြင့်ရိုက်ကူးဆောင်ရွက်ကြသည်။