မိုင်းယန်း ဒီဇင်ဘာ ၁၀
ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ ခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲက “ဒို့ကျေးရွာဂျာနယ်” ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နိုဝင်ဘာလ (၁၅)ရက်နေ့ထုတ် အတွဲ(၁၈)၊ အမှတ်(၂၂) ဒို့ကျေးရွာဂျာနယ်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “စာရိတ္တမဏ္ဍိုင် ခိုင်ပါစေ” ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့သည်။
ထို့နောက် ဂျာနယ်ပါကြောင်းအရာများဖြစ်သည့် စာရေးဆရာ မောင်မောင်မြင့်သိန်း (စက်မှု တက္ကသိုလ်) ရေးသားသော “ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု”၊ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “ဝန်ထမ်းဘဝ”၊ ဒေါက်တာလွင်သန့် ရေးသားသော “အစာအိမ်နှင့် အူလမ်းကြောင်းကို အကျိုးပြုသည့် ဘက်တီးရီးယားကျန်းမာရေး”စသည့် ခေါင်းစဉ်များကို တက်ရောက်လာသည့် ဝန်ထမ်းများက အလှည့်ကျဖတ်ကြားခြင်း၊ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြာင်း သိရသည်။
ထွန်းထွန်းထူး