သာယာဝတီ ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ လမ်းမတော်လမ်းတွင် ယနေ့ နံနက် ၁၀ နာရီက ရွှေနန်းသစ်ရွှေဆိုင်မှ အလှူဒါယကာ၊ ဒါယိကာမများဖြစ်သော ဦးအောင်ဘိုဘိုဝင်း+ဒေါ်သူဇာသွင် မိသားစုမှ အမှူးပြုပြီး သားရှင်လောင်းနှင့် နားသမင်္ဂလာ အခမ်းအနားအား လူစည်ကားစွာဖြင့် စီတန်း လှည့်လှည်ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရှင်လောင်းလှည့်လည်ပွဲမှာ လူအင်အား ၆၀ ဦးခန့်ရှိပြီး ရန်ကုန်-ပြည်လမ်းတလျှောက် လှည့်လည်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှင်လောင်းပွဲအားကျင်းပရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့မှသာ ကျင်းပဖြစ်ကြောင်း မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
photo crd, ပဉ်စရူပဘသိန်း