မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ  ၂ဝ၅ဝ၅ ဦးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်

မိတ္ထီလာ ဒီဇင်ဘာ ၁ဝ

မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင်နေထိုင်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinopharm ) ပထမအကြိမ်ထိုးနှံပြီးသူ ၂ဝ၅ဝ၅ ဦးအား ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်အတွင်းကပေါက်ချောင်းရပ်ကွက်၊ ရတနမာရ်အောင်ရပ်ကွက်၊ နန်းတော်ကုန်း ရပ်ကွက်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု၊မုန်တိုင်ကျေးရွာအုပ်စု၊ ပြည်သာယာ(မ)ရပ်ကွက်၊ မုန်တိုင် ကျေးရွာ အုပ်စု၊ ဝါးရုံကျေးရွာအုပ်စု၊ ညောင်ပင်လျှိုကျေးရွာအုပ်စု၊  ထမုန်ကန်ကျေးရွာအုပ်စု၊ ရှမ်းမငယ် ကျေးရွာအုပ်စု၊  မြင်းကန်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာအုပ်စု၊  ဆည်အောင် ကျေးရွာ အုပ်စု၊ တောမကျေးရွာ အုပ်စု၊ ဈေးအရှေ့ပြင်ရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ အောင်ဆန်းရပ်ကွက် ၊ အောင်ဇေယျာရပ်ကွက်၊ ကန်နီကျေးရွာအုပ်စု၊      ညောင်ကန်ကျေးရွာအုပ်စု စတဲ့ရပ်ကွက်များနဲ့ ကျေးရွာ အုပ်စုများမှာနေထိုင်တဲ့ ကိုဗစ် ၁၉ရောဂါကာကွယ်ဆေး( Sinopharm ) ပထမအကြိမ်ထိုးနှံ ပြီးသူ ၂ဝ၅ဝ၅ ဦးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးသွား မှာဖြစ်ပါတယ်ဟု မြို့နယ် ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ် ဒုတိယအကြိမ်ထိုးနှံမည့် ဒေသခံပြည်သူများအနေဖြင့် ပထမ အကြိမ် ထိုးနှံပြီးစီးကြောင်းအသိမှတ်ပြုထုတ်ပေးထားသည့်ကတ်ပြားများကို သက်ဆိုင်ရာဆေးထိုး စုရပ်များသို့ ဒုတိယအကြိမ်လာရောက်ထိုးနှံချိန်တွင် ယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ