နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်း စည်း  Mask များအခမဲ့ဖြန့်ဝေ

နမ့်စန်()     ဒီဇင်ဘာ   ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များအားအခမဲ့ဖြန့်ဝေပေးလျက် ရှိရာ ယနေ့နံနက် နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြို့လယ်မီးပွိုင့် လမ်းဆုံအနီးပြည်ထောင်စုလမ်းမကြီးပေါ်တွင်Mask Campaign ပြုလုပ်၍  ပါးစပ်နှင့်နှာခေါင်းစည်း Mask များ  အခမဲ့ဖြန့်ဝေခဲ့ကြောင်း  သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အမှတ်() ရပ်ကွက် အမှတ် ()ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသူများကို  Mask မဖြစ်မနေ တပ်ဆင်သွားလာရေးတို့ကို သတိပေးကာ ပါးစပ်နှင့်နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း  သိရသည်။

မြို့နယ် ( ပြန်/ဆက် )