ဘုတ်ပြင်းမြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဘုတ်ပြင်း   ဒီဇင်ဘာ  ၁၀
 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ် ရေး ကတ်ပြားများပြုလုပ်‌ပေးခြင်းကို ယမန်နေ့က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ခဲမိုင်းကျေးရွာ သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့  ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဘုတ်ပြင်းမြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၆၂)ဦး၊အသက်(၁၈) နှစ်ပြည့် နိုင် ၆(က)(၁၆)ဦး၊ လဲလှယ်(၅)ဦး တို့အား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ပြီး၊“လူမှုဘဝပြည့်စုံဖို့  နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက် ပေးလျက်ရှိသော ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ အသိပညာပေး လက်ကမ်းစာစောင်များကို ကျေးရွာနေ ပြည်သူများအားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ရပ်ကွက်များ၊‌ကျေးရွာများနှင့် စက်ရုံ၊ အလုပ်ရုံများထံ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း မြို့နယ်ဦးစီးမှုးထံမှသိရသည်။

ဖြူဖြူသိန်း(ပြန်/ဆက်)