သတင်းများ

စားသုံးသူရေးရာအသိပညာပေး Talk Show မြန်အောင်၌ ကျင်းပပြုလုပ်
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး‌ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည် ( ၂ )နာရီက စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 16,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိမဂ်လာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။
တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်
Dec 16,2021
ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က ဂုံညင်းတန်းအုပ်စု၊ ကြမ်းကြား ကျေးရွာ ကျေးရွာဘုန်းတော်ကြီး ကျောင်းတိုက်သို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ် ကော့လှိုင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင်  ဆွမ်းဆန်၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Dec 16,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ (လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ အရာရှိစစစ်သည်မိသားစုဝင်များက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း/သံဃာများအတွက် ဆွမ်းဆန်၊ဆီ၊လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့လှိုင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 16,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (Community Center) ခန်းမတွင် Woman Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Dec 16,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ အသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင်တတ်စေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူအများနှင့် ပူးပေါင်းပါဝင် ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ (Woman Club) အဖွဲ့ဝင်များနှင့် ယနေ့နံနက် (၁၁)နာရီအချိန်တွင် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့ ပြည်သာယာ (မ) အလကတွင် မြန်မာ့ရိုးရာ ထုပ်စည်းထိုးပြိုင်ပွဲကျင်းပ
Dec 16,2021
မိတ္ထီလာမြို့ပြည်သာယာ (မ) ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဒီဇင်ဘာလ အားကစား လ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သော မြန်မာ့ရိုးရာ ထုပ်စည်းထိုးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပကြောင်းသိရသည်။
သရက်မြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေစာရင်း ပြုစုဖြည့်သွင်း နေမှုအား ကြည့်ရှု စစ်ဆေး
Dec 16,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် လူဦးရေစာရင်းများအား အိမ်ထောင်စုဇယား(၆၆/၆)ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ လုပ်ငန်းများ ထိရောက် မြန်ဆန်စေရေးတို့အတွက် စာရင်းပြုစုဖြည့်သွင်းခြင်း ဆောင်ရွက်နေသည့် လုပ်ငန်း အခြေအနေများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးနှင့် အဖွဲ့ဝင်များမှ ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။