သတင်းများ

မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ လူမှုဝန်ထမ်းအမျိုးသမီး စောင့်ရှောက်ရေး ဂေဟာရှိ အမျိုးသမီးများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
စုကလိမြို့ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ယာများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Dec 16,2021
နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စုကလိမြို့ မီးသတ်ဦးစီးဌာနမှ သန္တေမီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ် ကျော်သူမိုးမှ ဦးဆောင်၍ မီးဘေးလုံခြုံရေးနှင့် အသိပညာပေးဆွေးနွေးနှိုးဆော်ချက်များအား ယနေ့နံနက် ၉ နာရီအချိန်က စုကလိမြို့ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ ပြည်သူ့စာကြည့် တိုက်တွင် ဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲ-ကြာအင်း-အင်းကြား- ကျောက်ချက်-မကြီးကန်-ဒဂုံမှော် လမ်းပေါ်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆လဘတ်ဂျက်) အတွင်း ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ၁၀’ Box Culvert တည်ဆောက်နေမှုအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ကျေးလက် လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးပန်သုမောင်နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်အရည် အသွေးများနှင့် ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေး ချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများ အား အရှိန် အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့သည်။
ကော့ကရိတ်မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်မှု ဇာတ်တိုက် သရုပ်ပြလေ့ကျင့်
Dec 16,2021
ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးသူ/သားများ ပူးပေါင်း၍ မီးငြိမ်း သတ်မှု ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့ ညနေ ၂ နာရီအချိန်က အမှတ် (၃)ရပ်ကွက်၊ မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများအား မင်္ဂလာဒုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြသဆောင် ရွက်ထား
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသ ဆောင်ရွက်ထားခဲ့သည်။
ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ဘောဘောခီးကျေးရွာအဝင်လမ်းပေါ် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ ဘောဘောခီးကျေးရွာအဝင် လမ်းပေါ် တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။