သတင်းများ

မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့သည်။
မောင်တောမြို့၌ (၄၇)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
Dec 16,2021
မောင်တောခရိုင်၊ မောင်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း မှ စတင်ကာ မြို့မအားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ကိုဗစ်စင်တာတွင် volunteer ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များအား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူ၍ ကိုဗစ်-၁၉ရောဂါ ပိုး ရှိ၊ မရှိ စစ်ဆေး
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စင်တာတွင် ထားရှိပြီး RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက ဓာတ်ခွဲအတည်ပြု၍ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။
အိမ်မဲမြို့နယ် ကုလားကုန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေး
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က ကုလားကုန်းကျေးရွာ အုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၆)ကတ်တို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လမိုင်းမြို့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြောပြခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 16,2021
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအနေဖြင့် အားလပ်ချိန်များ ကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်ပိုင် တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုံပြင်ပြောပြခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ်ကွင်းဆင်းကာ ပြုလုပ်ဆောင်ရွက်ပေး
Dec 16,2021
ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်ကျေးရွာများအရောက်နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက တက်သစ်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကိုလည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကာယ၊ ဉာဏ၊ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပူဖောင်းမှုတ်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ် ပြိုင်ပွဲနှင့် အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲ အမျိုးအစား (၇)မျိုး ကျင်းပခဲ့ကြောင်း သိရသည်။
ကာမိုင်းမြို့၌ ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ မထိုးရသေးသူများအား Sinopharm ပထမအကြိမ်ထိုးနှံပေး
Dec 16,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှမထိုးရသေးသူ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား Phase-5 ပထမအသုတ်ကို ကာမိုင်းမြို့တိုက်နယ်ဆေးရုံ၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ဆေးထိုးနှံပေးကြောင်း သိရသည်။