တောင်တွင်းကြီး ဒီဇင်ဘာ ၁၆
ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က ဂုံညင်းတန်းအုပ်စု၊ ကြမ်းကြား ကျေးရွာ ကျေးရွာဘုန်းတော်ကြီး ကျောင်းတိုက်သို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှသောင်းက ရပ်ကွက်/ကျေးရွာ များမှ အိမ်ထောင်စုလူဦးရေ သန်းခေါင်စာရင်း ကောက်ခံရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထူးက ပန်းခင်းစီးမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမြို့နယ် ဦးစီးမှူး ဦးခုတ်မွန်းလျန်၊ ကျေးလက်လမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထထွေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဉာဏ်မြင့်ထွန်း၊ ဌာနဆိုင်တာ ဝန်ရှိသူများက ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်နိုင်ရေး၊ ကျေးရွာအတွင်း လမ်းတံတားများ ကောင်းမွန်ရေး၊ မြစိမ်းရောင်ချေးငွေရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ကျေးရွာခြင်းဆက်လမ်းများ ကောင်းမွန်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် ဌာနအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းများအပေါ် ဆွေးနွေး ပြောကြားပြီး ကျေးရွာပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)