လှိုင်းဘွဲ ဒီဇင်ဘာလ ၁၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေချ (လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ အရာရှိစစစ်သည်မိသားစုဝင်များက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း/သံဃာများအတွက် ဆွမ်းဆန်၊ဆီ၊လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့လှိုင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက ကော့လှိုင်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာ တော် ဥူးဇောတိကသာမိအား ဖူးမျှော်ကြည်ညိုကာ ရဟန်း/သံဃာများ ကိုဗစ်-၁၉ ကာလအတွင်း အခက် အခဲမရှိစေရန်အတွက် ဆွမ်းဆန်၊ဆီ၊ ခြံထွက်ဟင်းသီး ဟင်းရွက်များနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်