သတင်းများ

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်ကုန်သွယ်ရးစခန်း တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနများနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 16,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူများ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လားရှိုးမြို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ်မှ တောင်သူများ အထွက်နှုန်းကောင်းသော နေကြာကို ပိုမိုအားထား စိုက်ပျိုးလာ
Dec 16,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်မှ တောင်သူများသည် မြေပဲ၊ နှမ်းစသော ဆီထွက် သီးနှံများအပြင် မိုးနှောင်း နေကြာများကိုပါ ပိုမိုအားထားစိုက်ပျိုး လာကြကြောင်း ရွာသစ်ကုန်းကျေးရွာ ဒေသခံ တောင်သူများထံမှ သိရသည်။
ပူတာအိုခရိုင်၌ “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ စာပေဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အထများဖြစ် ပေါ်စေရန်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် မိမိဌာန၏ အသိပညာပေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်နှင့် စွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် စာရေးဆရာမ ခင်စောတင့် ရေးသားထားသော “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ(၃)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ကျင်းပသည်။
မန့်ဟီးရိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Dec 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့တွင် (၈၄) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ် (၂ ) ရပ်ကွက် မြို့မအားကစားကွင်း၌ ယနေ့နံနက် ၇ နာရီက (၈၄) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
မြဝတီခရိုင်အတွင်းရှိ ဆုံဆည်းမြိုင်ကျေးရွာတွင် ယခုနှစ် ပဲတီစိမ်းစိုက်ပျိုမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မဲကုလားကျေးရွာအုပ်စု၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ပဲတီစိမ်းသီးနှံ စိုက်ပျိုး မှုမှ ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ဒေသ၊ ရာသီဥတုနှင့်ကိုက်ညီသော နိုင်ငံခြားမျိုးဝင်သစ်ခွပန်းမျိုးစုံ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွာငယ်ရပ်ကွက်ရှိ  “တော်ဝင်ချယ်ရီ” သစ်ခွခြံ၌ ထိုင်းနိုင်ငံမျိုးဖြစ်သည့် သစ်ခွပန်းမျိုးစုံနှင့် သစ်ခွပျိုးပင်များအား ပျိုး ထောင်စိုက်ပျိုးရောင်းချလျက်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသနေပြည်သူများ ထိုစိုက်ပျိုးရေးခြံ၌ လာရောက်လုပ်ကိုင်ခြင်းဖြင့်  အလုပ်အကိုင်အခွင့်အလမ်း ရရှိစေသည့်အပြင် ကိုဗစ်ကာလ မိသားစု စား၊ ဝတ်၊ နေရေး၊ လူမှုစီးပွား ဘဝအဆင်ပြေလျက်ရှိကြောင်း သိရသည်။