မိုင်းယု ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
အဆိုပါ လှည့်လည်နှိုးဆော်ရာသို့ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ နေအိမ်ပြင်ပ ထွက်သွားလာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပဧည့်သည်များလက်မခံရန်၊ ခရီးသွားလာမှုနှင့် နယ်ဝေး ဈေးဝယ်ထွက်ခြင်းကို လက်တလော ရပ်ဆိုင်းကြထားရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံ မသွားကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာဏ ဆေးကြောရန်၊ မိမိတို့နေအိမ် ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေ ထွက်ကောင်းအောင် ပြုလုပ်ရန်၊ အပြင်ထွက် ရာမှ ပြန်လာတိုင်း နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်နှင့် ဗီဇပြောင်း အိုမီခရွန်၏ ကွဲပြားခြားနားမှုများ၊ ထူးခြားချက်များနှင့် လိုက်နာရမည်အချက်တို့ကို မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
မိုင်းယုမြို့ရှိ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့များက ဒေသခံပြည်သူများ အား သွားလာခြင်းများ၊ ဈေးရောင်းဈေးဝယ်မှုများနှင့် ခရီးသွားလာမှုများကို အချိန်ပြည့် ခွင့်ပြုပေးထားခဲ့ပြီး လှည့်လည်စစ်ဆေးခြင်းကို တစ်ပတ်လျင် နှစ်ကြိမ်ရှောင်တခင် စစ်ဆေးနေလျက်ရှိကြောင်းနှင့် အလားတူ အသိပညာပေးနှိုးဆော်ခြင်းကိုလည်း တစ်ပတ်လျင်တစ်ကြိမ် ကွင်းဆင်းနှိုးဆော်ပေးနေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)