စားသုံးသူရေးရာအသိပညာပေး Talk Show မြန်အောင်၌ ကျင်းပပြုလုပ်

မြန်အောင် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည် ( )နာရီက စားသုံးသူရေးရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

စားသုံးသူရေးရာ အသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်တို့က စားသုံးသူများ၏ အခွင့်အရေး များအကြောင်းကို အမေးအဖြေများဖြင့် Online Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ကြသည်။

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများအကြား ညှိနှိုင်းဆောင်ရွက်ပေးသော ဌာနဖြစ်ပြီး စားသုံးသူ၏အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန် သိရှိရမည့်အချက်များအကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 

ဝင်းဗိုလ်