သတင်းများ

အောင်လံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 16,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်မွန်းလွဲ (၁) နာရီအချိန် က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ အင်းလယ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရက်တွင် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင်ပြသ
Dec 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များ လစဉ်အသစ်လဲလှယ် ပြသ ဆောင်ရွက်လျက်ရှိရာ
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Dec 16,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များနှင့်(Women Club) အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တမူးမြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Dec 16,2021
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် ရောဂါကာကွယ် ဆေးများကို ဒီဇင်ဘာ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ထိုးနှံပေး ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်း မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၂၀)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၆)ဦး၊ အသစ်လဲလှယ်သူ(၁၀)ဦး၊ စုစုပေါင်း (၃၆)ဦးတို့အား ယမန်နေ့ နံနက်(၈)နာရီက အောင်ဆုပန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင် ပြပွဲကျင်းပ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို)နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ယနေ့၊ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်
Dec 16,2021
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ် တွင် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက် ချက်မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ထားပါသည်။
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်၊ ရပ်ကွက်(၅)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 16,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုပထမအကြိမ် (Sinovac) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၀၀)ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ် ဆေး(Sinopharm) ထိုးနှံ သူစုစုပေါင်း(၃၆၅)ဦးကို ၎င်းအသီးသီးထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၅)ရပ်ကွက်နေပြည်သူများ လူဦးရေ စုစုပေါင်း(၅၆၅)ဦးတို့အား အသီးသီးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။