သရက် ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် လူဦးရေစာရင်းများအား အိမ်ထောင်စုဇယား(၆၆/၆)ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ လုပ်ငန်းများ ထိရောက် မြန်ဆန်စေရေးတို့အတွက် စာရင်းပြုစုဖြည့်သွင်းခြင်း ဆောင်ရွက်နေသည့် လုပ်ငန်း အခြေအနေများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးနှင့် အဖွဲ့ဝင်များမှ ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်း မဲဆန္ဒရှင်လူဦးရေစာရင်း တိကျမှန်ကန်စေရေး အတွက် အိမ်ထောင်စုဇယား(၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစု ဖြည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွဲဖက်တာဝန်ချထားသည့် ဝန်ထမ်းများအားလုံးမှ ပြည့်စုံမှန်ကန်စွာ စာရင်းပြုစု ဖြည့်သွင်းကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)