ဒဂုံ ဒီဇင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုပထမအကြိမ် (Sinovac) ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၂၀၀)ဦးကို ၎င်းဒုတိယအကြိမ် ကာကွယ် ဆေး(Sinopharm) ထိုးနှံ သူစုစုပေါင်း(၃၆၅)ဦးကို ၎င်းအသီးသီးထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၅)ရပ်ကွက်နေပြည်သူများ လူဦးရေ စုစုပေါင်း(၅၆၅)ဦးတို့အား အသီးသီးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သောပြဿနာ တစ်စုံတစ်ရာ မရှိစေရေးအတွက် ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူမိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဒဂုံမြို့နယ် (ပြန်/ဆက်)