သတင်းများ

အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါပိုးကို သတိပြုကာကွယ်ကြရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 16,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကို ကြိုတင်ကာကွယ်ကြရန် ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၃) ဈေးရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား ယမန်နေ့ နေ့လည် ၁ နာရီအချိန်က စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ကြရန် လက်ပံဦးကျေးရွာအုပ်စုနှင့် ဖောင်လင်းကျေးရွာအုပ်စုများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 16,2021
သထုံခရိုင်၊ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းကပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦး စီးမှူးရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးသိန်းထွဋ်​အောင် ဦးဆောင်သော ဝန်ထမ်းများ ကကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြသည်။
ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားမေထုန်မဲ့ သားစပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချ
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ နွားမေထုန်မဲ့ သားစပ်နည်းသင်တန်းကို ယမန်နေ့က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး ခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။
မိုင်းခုတ်မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် နံရံကပ်စာစောင်ပြသ
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ ယနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရေး ကလေးငယ်များ အချင်းချင်း ပူးပေါင်းပါဝင်ဆောင်ရွက်သော
မင်းလှမြို့နယ်ပြန်ကြား‌ ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက်(၉)ရပ် နံရံကပ်စာ စောင်ပြသ
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာနရုံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်များနံရံကပ် စာစောင်များ ပြသထားရာ ယနေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူများ လာရောက်ကြည့်ရှုကြကြောင်းသိရသည်။
ဘိုကလေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးအဖွဲ့များ နှင့်ပူးပေါင်း၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် တစ်ဦးလျှင် လူမှုရေးပင်စင် ငွေကျပ်(၃၀၀၀၀)အား ထောက်ပံ့ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများမှ ဘိုးဘွားများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘိုးဘွားများ၏ လက်ဝယ် အရောက် ထုတ်ပေးလျက်ရှိသည်။