သင်္ဃန်းကျွန်း မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၂၀)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၆)ဦး၊ အသစ်လဲလှယ်သူ(၁၀)ဦး၊ စုစုပေါင်း (၃၆)ဦးတို့အား ယမန်နေ့ နံနက်(၈)နာရီက  အောင်ဆုပန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မူလဒေသတွင် အိမ်ထောင်စုရှိပြီး လက်ရှိဒေသတွင် အိမ်ထောင်စုမရှိသူများအား မူလဒေသနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀)နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ် မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးရဲထွန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရပ်ကွက်များသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး