ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ကွမ်းခြံကုန်း ဒီဇင်ဘာ ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင်များနှင့်(Women Club) အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင် ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ရခြင်း၏     ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့ဝင် မမေမြတ်နိုးက စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးသားထားသည့် ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း စာအုပ်ထဲမှာ ပါဝင်သည့်  လူအများနှင့် ပြေပြေပြစ်ပြစ်ဆက်ဆံနည်း၊ အနှစ်သာရ၊ လူတိုင်းအကြိုက် ခေါင်းစဉ်ပါ စသည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေချစ်သူများ (youth  Club) အဖွဲ့ဝင် မောင်ယဉ်ထွေး၊ နှင့် (women Club) အဖွဲ့ဝင် မဇင်မေသူ တို့က အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေနွယ်