တောင်ဥက္ကလာပ ဒီဇင်ဘာလ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို)နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ယနေ့၊ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြပွဲတွင် လွတ်လပ်ရေးမှ ငြိမ်းချမ်းရေးသို့၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မည်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ လွတ်လပ်ရေးအရသာ၊ တကယ့်ဒီမိုကရေစီ၊ လုံ့လဝီရိယ လျှော့လို့မဖြစ်၊ ညီညွတ်ရေးဆိုတာ၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးထိမ်းသိန်းကြစို့ ခေါင်းစဉ် များဖြင့် နံရံကပ်စာစောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ၊ဦးတည်ချက် (၉)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မှတ်တမ်း ဓာတ်ပုံများနှင့် လွတ်လပ်ရေးနှင့် ပတ်သက်သည့် စာအုပ်၊ စာစောင်များ ပြသခဲ့ရာမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများမှ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)