ဘားအံ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ် တွင် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက် ချက်မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ထားပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဉီးတည်ချက်(၉)ရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာ နှင့် ဦးတည်ချက် (၉) ရပ်၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာများ ပြသ ဆောင်ရွက်ထားရာ ဒေသခံပြည်သူများ စိတ်ဝင်စားစွာကြည့်ရှုကြကြောင်း သိရှိရသည်။
ခရိုင် ပြန်/ဆက်