သတင်းများ

ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့ပေါ်ရပ်ကွက်အတွင်းသို့ ကွင်းဆင်းထိုးနှံပေး
Dec 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ် ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွမ်းခြုံနိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က သီရိရပ်ကွက်တွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ ဝန်ထမ်းတစ်ဦး၏ ရင်တွင်းစကားသံ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဗီနိုင်းများ၊ ပိုစတာများအားရပ်ကွက်၊ ကျေးရွာများရှိ လမ်းဆုံလမ်းဂွများ၊ စျေးများတွင် ချိတ်ဆွဲခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက်ကျေးရွာများအတွင်း လှည့်လည် နှိုးဆော်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ ပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ရတနာသိဂီစျေးတွင် စျေးဝယ်/ စျေးရောင်းချသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် Mask Campaing ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်တွင် ကိုယ်၀န်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်​အောက် က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေး​
Dec 16,2021
ကယားပြည်နယ်​၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် က​လေးငယ်များ ကျန်းမာသန်စွမ်း​စေရန်နှင့် ကူးစက်​ရောဂါတို့မှ ကင်း​ဝေး​စေရန်အတွက် ကိုယ်၀န်​ဆောင်မိခင်များနှင့် အသက်(၁)နှစ်​အောက်က​လေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုးနှံ တိုက်​ကျွေးခြင်းကို ယ​နေ့နံနက်(၈)နာရီ အချိန်က မြို့နယ် ပြည်သူ့​ဆေးရုံတွင် ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနမှ ယခုဘဏ္ဍာနှစ် ၆ လတာကာလအတွင်း မြို့တွင်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Dec 16,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနသည် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ မြို့ပြသန့်ရှင်းသာယာလှပရေး လုပ်ငန်း များကို ကဏ္ဍအလိုက် စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ကြောင်း သိရသည်။
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး မြေစိုက် နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပြသခဲ့ရာ ပြည်သူများ လာရောက်၍ လေ့လာ ကြည့်ရှုကြသည်။
ကျိုက်လတ်မြို့နယ် အ.ထ.က(၁)ရှိ ကျောင်းသား၊ ကျောင်းသူ (၉၁)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်း‌ပြီးလက်ဝယ်အ‌ရောက် ဆောင်ရွက်ပေးအပ်
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ယမန်နေ့ နေ့လည်(၁၂)နာရီက အမှတ်(၁)ရပ်ကွက်၊ အထက(၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး‌ ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၌ အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စု အလိုက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိ
Dec 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၌ အသက် (၄၀)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စု အလိုက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီခန့်က နောင်ခဲကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း တွင် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိသည်။