သတင်းများ

မိုင်းဆတ်မြို့၌ နံရံကပ်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည် ချက်(၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ယနေ့မွန်းတည့်(၁၂)နာရီခွဲက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 16,2021
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်းပြည့်မီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ပဉ္စမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး
Dec 16,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကာကွယ်ဆေးလုံးဝမထိုးနှံရသည့် အသက် ၁၈ နှစ်အထက်ရှိ ဒေသခံပြည်သူများအား ပဉ္စမအအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီ က ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီး သိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံနှင့် ကွန်းတောင်ကျေးရွာ ကျန်းမာရေးဌာနတို့၌ ထိုးနှံပေးလျက်ရှိသည်။
မုဒုံမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Dec 16,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က မုဒုံမြို့နယ် ကလော့သော ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲကျင်းပ
Dec 16,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းဆောင်ရွက်
Dec 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ (၉၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ကို ဦးစီးအရာရှိ ဦးအေးကျော် ဦးဆောင်သော အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေသောင်ယံမြို့ အမက(၁၈၃) ကျောက်တလုံးကျောင်းတွင် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများအား ကွင်းဆင်းကျင်းပ
Dec 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမက(၁၈၃) ကျောက်တလုံးကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 16,2021
နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။