တမူးမြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

တမူး၊ ​ဒီဇင်ဘာ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် ရောဂါကာကွယ် ဆေးများကို ဒီဇင်ဘာ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ထိုးနှံပေး ခဲ့ကြောင်းသိရသည်။

တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများနှင့် ဆေးထိုးစုရပ် အသီးသီးတို့တွင် ကျောင်းသား/ ကျောင်းသူများ ၊အသက်(၁၈)ပြည့်ပြီးသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကာကွယ်ဆေးထိုးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး အတွက် ဌာနဆိုင်ရာများနှင့် ပရဟိတလူမှုရေး အဖွဲ့အစည်းများမှ ကျန်မာရေးဝန်ထမ်းများနှင့်အတူ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကြီး(တမူး)