စဉ့်ကိုင်မြို့နယ်၌ နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရက်တွင် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင်ပြသ

စဉ့်ကိုင် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များ လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁) နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံ ဗွီနိုင်းပိုစတာများ ပြသဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ နံရံကပ်စာစောင်တွင်ပြည်သူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်နှင့် သိရှိရန်လိုအပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် မှတ်တမ်းဓာတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက် (၉) ရပ်တွင် ပါဝင်သောနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံ ဗွီနိုင်းပိုစတာများကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။

ညိုညိုဝင်း