ရွှေသောင်ယံ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမက(၁၈၃) ကျောက်တလုံးကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်မှ ကလေးများအား စာပေ၊ ဗဟုသုတ ပြည့်စုံစေရန်အတွက် ကလေးများနှင့်သက်ဆိုင်သည့် ပုံပြင်အကြောင်းအရာများကို ဟောပြောပေးရာ ကလေးများမှ သူတို့၏ဗဟုသုတအမြင်များကိုလည်း ပြန်လည်ပြောကြားခဲ့ကြသည်။ ထို့နောက် နံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြသပေးရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ ကြည့်ရှုလေ့လာခဲ့ကြသည်။ ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ အစီအစဉ်တွင်(Grade-2)နှင့် (Grade-3)မှ ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူအသီးသီးအား ပြန်/ဆက် ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ဆုများအပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်