ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ပဉ္စမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး

ပုဏ္ဏားကျွန်း  ဒီဇင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကာကွယ်ဆေးလုံးဝမထိုးနှံရသည့် အသက် ၁၈ နှစ်အထက်ရှိ ဒေသခံပြည်သူများအား ပဉ္စမအအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက် ()နာရီ က ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီး သိမ်တော်၊ ယိုးတရုပ်တိုက်နယ်ဆေးရုံနှင့် ကွန်းတောင်ကျေးရွာ ကျန်းမာရေးဌာနတို့၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ   အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုများအလိုက်  အဆိုပါသတ်မှတ်နေရာအသီးသီး၌  ဒေသခံပြည်သူ (၁၂၈၄)ဦးတို့ကို  ပဉ္စမအသုတ်  (ပထမ)အကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)