ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ (၉၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ကို ဦးစီးအရာရှိ ဦးအေးကျော် ဦးဆောင်သော အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲ တင်ပြရမည့် အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသ၌ အမြဲတမ်း နေထိုင်လျက် အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူ များအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ အိမ်ထောင်စု စာရင်းရှိပြီး လက်ရှိဒေသ ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ခြင်းဖြစ် ကြောင်းနှင့် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၆၈)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တဆက်တည်း သရက်ပင်ချောင်းကျေးရွာတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၁)၊ မ(၆) ပေါင်း (၇)ဦးကိုလည်း ကတ်ပြားများပြုလုပ်ပေးခဲ့ပြီး လက်ဝယ်အရောက် ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ (၃)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးမှာဖြစ် ကြောင်းနှင့် ပြည်သူတစ်ဦးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကို နံပါတ်တစ်ခုထက် ပိုမို ကိုင်ဆောင်ခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းကို လိပ်စာတစ်ခုထက် ပိုမိုကိုင်ဆောင်ထားပါက တည်ဆဲဥပဒေနှင့် အညီ အရေးယူခံရနိုင်ကြောင်းကို လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းရရှိသည်။
လဲ့လဲ့