မိုင်းဆတ် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ယနေ့မွန်းတည့်(၁၂)နာရီခွဲက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချ မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အလွယ် တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတွက် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သောနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများ ပါဝင်သည့်ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)