မုဒုံ ဒီဇင်ဘာ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က မုဒုံမြို့နယ် ကလော့သော ကျေးရွာအခြေခံပညာ အထက်တန်း ကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မော်က ဦးဆောင်ကြီးကြပ်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ၃(က)ကို ကလော့သော့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ(၈၈)ဦးအား ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပြုလုပ်ပေးပြီးမပျောက် ပျက်အောင်ကိုင်တွယ် ထိန်းသိမ်းရမည့် နည်းလမ်းများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအကြောင်း အသိပညာပေးပြောကြားခဲ့သည်။
မုဒုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျောင်းသား/သူများကို နိုဝင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ အ.ထ.က(ခွဲ) ကော့ခပုံကျောင်းတွင် ၁၁၈ ဦး၊ အ.ထ.က (ကော့ပရံ) ကျောင်းတွင်၄၅ ဦး၊ အ.ထ.က(ခွဲ)နှီးပဒေါကျောင်းတွင် ၉၅ ဦး၊ အ.ထ.က(ကွေ့ဝမ်း) ကျောင်းတွင်၄၃ ဦး နှင့် အ.ထ.က (ကလော့သော့)ကျောင်းတွင် ၈၈ ဦးယနေ့ထိ ကျောင်းသား/သူ စုစုပေါင်း ၃၈၉ ဦးတို့အား ပြုလုပ်ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)