မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲကျင်းပ

မန်တုံ ဒီဇင်ဘာ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က စာပေအကျိုးကျေးဇူး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေအကျိုးကျေးဇူး (Talk Show) တွင် မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က မိတ်ဆက်စကားပြောကြားပြီး မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဒေါ်စန္ဒာစိုး ကနိုင်ငံတွင်းရှိ နိုင်ငံသားတို့ရဲ့ အတွေးအခေါ်မမြော်အမြင် ကျယ်ပြန့်မှု၊ ဗဟုသုတမြင့်မားမှု၊ မျှော်မှန်းချက်ကောင်းမွန်ရန်အတွက် စာဖတ်ခြင်းပေါ်မူတည်လျက်ရှိခြင်း၊ စာဖတ်ခြင်းဖြင့် လူတစ်ဦး ချင်း၏ အသိအမြင် ကျယ်ပြန့်စေသလို ဗဟုသုတ တိုးပွားခြင်းနှင့် အတွေးအခေါ် ရင့်သန်ခြင်းကိုဖြစ်ပေါ် စေခြင်း၊စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတမြင့် မားလာသလို အကောင်းအဆိုး အကြောင်း အကျိုး မှန်ကန်စွာ ချင့်ချိန်ဝေဖန်ဆုံးဖြတ်လာနိုင်ခြင်း၊ ကောင်းမွန်သော အနာဂတ်ကို လှပစွာ ပုံဖော် လာနိုင်ခြင်း၊ ရှေ့ဆောင်လမ်းပြဖြစ်လာပြီး နောက်လိုက်သူများအပေါ် မှန်ကန်စွာ လက်တွဲခေါ်ဆောင် လာနိုင်ခြင်း အစရှိသည့် စာပေအကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်တုံ ပြန်/ဆက်