သတင်းများ

တိုက်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး
Dec 16,2021
တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဉပဒေနှင့်အညီ အိမ်ထောင်စုလူဉီးရေ စာရင်းသတ်မှတ် ချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ပန်းပင်တန်းကျေးရွာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှ မြို့နယ် ဉီးစီးမှူး ဉီးအောင်မင်းထွေးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းဝမ်းသာပီတိစကားသံများ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်စုံထောင့်စုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမှာ သိသိသာသာ လျော့နည်းကျဆင်းလာခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သိရသည်။
တပ်ကုန်းမြို့၌ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး
Dec 16,2021
နေပြည်တော် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့ စာကြည့်တိုက်မှ  စာပေချစ်မြတ်နိုးပြည်သူများ စာပေဗဟုသုတများရရှိစေရန်  Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ရိုက်ကူး၍  တပ်ကုန်းမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အတွဲ(၅၃)၊အမှတ်၂၆ ၊ရွှေသွေးဂျာနယ်တွင် စာရေးဆရာ မေသူစိုး ရေးသားထားသည့် “နက္ခဗေဒ ဆရာ” ပုံပြင်ကို ရိုက်ကူး ထုတ်လွှင့်တင်ဆက်ခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မှော်ဘီမြို့နယ်ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဉီးတည်ချက် ( ၉)ရပ် နံရံကပ်စာစောင်ပြသ
Dec 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီ မြို့နယ်ရုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များနှင့် နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ၏ ဉီးတည်ချက်များနံရံကပ် စာစောင်များကို ပြသထားရာ ယနေ့ နံနက်(၁၁)နာရီ အချိန်က ပြည်သူများလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ကဝမြို့နယ် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန် ရောဂါကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Dec 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ခမေကြီးကျေးရွာနှင့် သပြေကန်ကျေးရွာများ အတွင်းကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းက ခမေကြီးကျေးရွာနှင့် သပြေကန်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခ ွနေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 16,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မြေသားလမ်းမှ ကွန်ကရစ် လမ်းခင်းမည့် လုပ်ငန်း စတင်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Dec 16,2021
ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်မြန်မာ့ရိုးရာသိုင်းဆပ် ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်း သင်တန်းဖွင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြသည်။
ဆိပ်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာရှိစာသင်ကျောင်း အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။