ကျိုက်လတ် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ယမန်နေ့ နေ့လည်(၁၂)နာရီက အမှတ်(၁)ရပ်ကွက်၊ အထက(၁)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း (၈၉)ဦး၊ (၁၈)နှစ် ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁)ဦးနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီး မိတ္တူ ထုတ်ပေးမှု ပေါင်း(၁)ဦး၊ စုစုပေါင်း (၉၁)ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရ သည်။ ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်အေး၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးကျော်ဇေယျနှင့်အဖွဲ့ဝင် ဦးစိန်မြင့်တို့က ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်