ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ပဲခူး  ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး မြေစိုက် နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအား အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပြသခဲ့ရာ ပြည်သူများ လာရောက်၍ လေ့လာ ကြည့်ရှုကြသည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်  ဖြစ်သည့် နိုင်ငံရေးဦးတည်ချက်(၃)ရပ်၊ စီးပွားရေးဦးတည်ချက်(၃)ရပ်၊ လူမှုရေးဦးတည်ချက် (၃)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို မှတ်တမ်းဓာတ်ပုံများနှင့် ပြသထားရာ လမ်းသွားလမ်းလာ ပြည်သူများ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)