ညောင်ရွှေ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနသည် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ မြို့ပြသန့်ရှင်းသာယာလှပရေး လုပ်ငန်း များကို ကဏ္ဍအလိုက် စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ မြို့ပြသန့်ရှင်းသာယာလှပရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၂၀၂၁-ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂-ခုနှစ်၊ မတ်လအထိ) ၆ လတာ ကာလအတွင်း မြို့ပြသန့်ရှင်းသာယာလှပရေး လုပ်ငန်းများဖြစ်သည့် ရုံးကြီးလမ်းနှင့် ဖောင်တော်ပြန်လမ်းတစ်လျှောက် လိုအပ်သည့်နေရာများ၌ လမ်းဘေးကတ်တုံးအသစ် (၁၆၈၀) ပေ ပြုလုပ်ခြင်း၊ ပလက်ဖောင်းအသစ် (၂၄၀)ပေပြုလုပ်ခြင်း၊ ဆေးသုတ်ခြင်း လုပ်ငန်း (၇၀၀၀) စတုရန်းပေကို ကုန်ကျငွေစုစုပေါင်း (၁၀.၂၆၈) သန်း ဖြင့် ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရသည်။
စိုင်းအယ်ဘဲ