ကျောက်တလုံးကြီး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၌ အသက် (၄၀)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စု အလိုက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီခန့်က နောင်ခဲကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း တွင် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ကွင်းဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်း၊ ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် နောင်ခဲကျေးရွာ အုပ်စုမှ အသက်(၄၀) နှစ် အထက်ပြည်သူများနှင့် ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ နောင်ခဲကျေးရွာ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောက်တလုံးကြီးမြို့ အသုံးတော်ကျေးအုပ်စု နောင်ပစ်ကျေးရွာအုပ်စု၊ ကက္ကူကျေးရွာ အုပ်စု၊ နားဟီးကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ကား ကျေးရွာအုပ်စုတို့မှ အသက်(၄၀)နှစ်နှင့်အထက်ပြည်သူများနှင့် ဦးတည်ရာ အုပ်စုအလိုက်ပြည်သူများအား ဒီဇင်ဘာ(၁၀)ရက်နေ့မှ ဒီဇင်ဘာ(၁၅)ရက်နေ့အထိ ပထမအကြိမ် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး (၁၀၈၉) ဦးထိုးနှံပေးခဲပြီးကြောင်း ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
(မြဝင်း) ကျောက်တလုံးကြီး