ပန်းတောင်းမြို့နယ် ဥသျှစ်ပင်နယ်မြေမီးသတ်စခန်း(အသစ်)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင် နယ်မြေမီးသတ်စခန်း (၄၅'×၅၀'×၂၆')RCC(၂)ထပ် အဆောက်အဦးအားတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဥသျှစ်ပင် နယ်မြေ မီးသတ်စခန်း (အသစ်)တွင် ယမန်နေ့နံက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စ ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးအေးကြိုင်၊ ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။