ထန်းတပင်မြို့နယ်တွင် အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ
Dec 26,2021
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၆၈)ကြိမ်မြောက် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ အုပ်စု၊ လှည်းဆိပ်ကျေးရွာ၊ မနော်ဟရီ ကျောင်းတိုက်ကြီးတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့မှ ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ ဝင်ရောက်ဖြေဆို သည့်လူပုဂ္ဂိုလ်များအနေဖြင့်(၈၀)ဦးရှိထိကြောင်းသိရသည်။