သတင်းများ

ဗန်းမောက်မြို့နယ် အလယ်ရွာကျေးရွာ ရွာတွင်းလမ်းအား ကိုယ့်အားကိုယ်ကိုး သဲကျောက်ခင်း
Jan 11,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကံရွာအုပ်စု အလယ်ရွာကျေးရွာ၌ ကျေးရွာ တွင်းလမ်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် သဲကျောက်ခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာရှိ လမ်းများတွင် ကျေးရွာနေပြည်သူများက စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
ချောက်မြို့နယ် အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး
Jan 11,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ ဒေသခံပြည်သူများ ကိုယ်လက်ကြံခိုင် သန်စွမ်းစေရန်၊ အားကစားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန် ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ချောက်မြို့နယ် အားကစားကွင်းအတွင်း၌ မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သောက်သုံးရေခက်ခဲလျက်ရှိသည့် မိတ္ထီလာမြို့နယ်တမာပင်ကုန်းကျေးရွာအမကကျောင်းသို့ သောက်သုံးရေများပို့ဆောင်လှူဒါန်း
Jan 11,2022
မိတ္ထီလာမြို့နယ်၊ တပျော်ကျေးရွာအုပ်စု တမာပင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအတွက် သောက်သုံးရေအခက် အခဲကြုံတွေ့လျက်ရှိကြောင်းသိရ၍ ကမ်းလက်များ ပညာရေးနှင့်ကျန်းမာရေး ပရဟိတမိသားစုအဖွဲ့က ယမန်နေ့ တွင် သွားရောက်ပို့ဆောင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် အောင်ဇေယျာရပ်ကွက်တွင် Door To Door စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များအား ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့အားပေး
Jan 11,2022
မိတ္ထီလာမြို့နယ် အောင်ဇေယျာရပ်ကွက်တွင် Door To Door စနစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် များအား ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေကို တာဝန် ရှိသူများက ယနေ့ နံနက် ၁၁ နာရီအချိန်၌ ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်
ချောင်းဆုံမြို့ပေါ်ရှိ ခရီးသွားလုပ်ငန်း ပြန်လည်ဖော်ဆောင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Jan 11,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ခရီသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာစေရေး အတွက် မြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(DMO)အဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီက ချောင်းဆုံမြို့ပေါ် (၃)ရပ်ကွက်တွင် ဖွင့်လှစ် ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ၊ Motel များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
လပွတ္တာမြို့နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ အသက်(၅၀)အထက် ၀န်ထမ်းများ၊ (၆၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVID Shield)ကို လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ဆေးထိုးနှံပြီး (၆)လတာကာလကျော်လွန်ခဲ့ပြီးသော ပညာရေး၊ ကျန်းမာရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ အသက်(၅၀)အထက် ၀န်ထမ်းများ၊ (၆၅)နှစ်အထက် ပြည်သူများအား ဒုတိယနေ့အဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Jan 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက် အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နောင်ကျောကျေးရွာအုပ်စု၊ ဟော်မြောက်ကျေးရွာခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
ခေါဇာ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 11,2022
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီက တိုးချဲ့ရပ်ကွက်တွင် (ဗီဇပြောင်း) အိုမီခလွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာ ပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။