(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မြင်းခြံ ဒီဇင်ဘာ ၂၆

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြို ဆိုဂုဏ်ပြု သောအားဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းနှင့် အပြင်ဘက်တွင် သန့်ရှင်းသာယာလှပ စေရေးအတွက် မြက်ပင်များ ရှင်းလင်းခြင်း၊ သစ်ပင်များ ခုတ်ခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံတွင် သန့်ရှင်းရေးလုပ်ရာတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ဇော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း ၃၅၀ ဦးခန့်ဖြင့် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

ကျော်စွာ(မြင်းခြံ)