ပန်းတောင်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင် နယ်မြေမီးသတ်စခန်း (၄၅'×၅၀'×၂၆')RCC(၂)ထပ် အဆောက်အဦးအားတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောက်လုပ်ပြီးစီးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဥသျှစ်ပင် နယ်မြေ မီးသတ်စခန်း (အသစ်)တွင် ယမန်နေ့နံက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စ ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးအေးကြိုင်၊ ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဥသျှစ်ပင် နယ်မြေမီးသတ်စခန်း (အသစ်)ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားပြီ၊ ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ထွန်းက နယ်မြေမီးသတ် စခန်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး