မြစ်သားမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

 

 

မြစ်သား ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community  Centre  ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်သီတာအောင်က လွတ်လပ်ရေးနေ့ အကြို အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား  ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်

 (စာပေဝါသနာရှင်) ဦးကျော်နိုင်က လွတ်လပ်ရေးတန်ဖိုးသိသင့်ပုံကို လူသတ္တဝါတို့သည် လေကိုရှု၍ အသက်ရှင်ကြရကြောင်း၊ လေမရှိပါက လူသားတို့အသက်ရှင်မည်မဟုတ်ကြောင်း၊ လေသည်လူသား တို့အတွက်မရှိမဖြစ်လိုအပ်ကြောင်း၊ လေသည်လူသားတို့၏ အသက်ဖြစ်ကြောင်း ၊ ထို့အတူလွတ် လပ်ရေးမရရှိပါက ထိုနိုင်ငံ ထိုလူမျိုးသည်လည်း ရှင်သန်နိုင်မှာ မဟုတ်ကြောင်း စသည့် အကြောင်း အရာနှင့်နှိုင်းယှဉ်၍ လွတ်လပ်ရေးရှိနေစဉ်တွင် လွတ်လပ်ရေး၏ တန်ဖိုးကို သတိမထားမိဘဲ လွတ်လပ်ရေးဆုံးရှုံးသောအခါမှသာ လွတ်လပ်ရေး၏တန်ဖိုးကို သတိရ တတ်ကြောင်း၊  လွတ်လပ် ရေးဟူသည် ရေမြေဒေသ၊ ပထဝီဝင်နယ်ပယ်တစ်ခုအတွင်းတွင် ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု ဓလေ့ အစဉ်အလာ၊ ဥပဒေများနှင့်အညီ ငြိမ်းချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်ခွင့်ရှိခြင်းကို ဆိုလို ကြောင်းနှင့် လွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့ရပုံ၊ လွတ်လပ်ရေးရခဲ့ပုံနှင့် လွတ်လပ်ရေးမဆုံးရှုံးရ အောင်ကာကွယ်သင့်ပုံစသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။         

မြမြမွန်