ကျောက်ဆည်မြို့နယ် ကြောင်ကျေးရွာတွင် သောက်သုံးဖူလုံစွာ ရရှိတော့မည်ဖြစ်သဖြင့် ပြည်သူများ ပျော်ရွှင်လျက်ရှိ
Dec 26,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ခြောက်လ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေးဖူလုံစွာရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပြီး ကြောင်ကျေးရွာတွင်လည်း ပြည်သူများသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သဖြင့် ပြည်သူများ ပျော်ရွှင်လျက် ရှိကြောင်း သိရှိရသည်။